မချစ်ခဲ့ဘူးလို့ မညာချင်ပါဘူး
ချစ်ခဲ့မိပါတယ်
ဒါပေမယ့်
အရူးအမူးမဟုတ်ခဲ့ဘူး
မလွမ်းဘူးလို့ မလိမ်ချင်ပါဘူး
လွမ်းခဲ့မိပါတယ်
ဒါပေမယ့်
တစ်ရက်ထဲ
မခံစားရဘူးလို့ မပြောချင်ပါဘူး
ခံစားခဲ့ရပါတယ်
ဒါပေမယ့်တစ်ခဏတာလေးပဲ
မာယာများတဲ့ နင့်အနမ်းကြောင့်
တစ်ဒင်္ဂလှုပ်ခတ်သွားတဲ့ 
ငါ့နှလုံးသားကိုထိန်းချုပ်ရင်း
နင့်ကိုငါ
ဘယ်.....တော့.....မှ
မလွမ်းတော့ဘူး.......။
ချင်းမလေး