Welcome Guest
Old Articles
ဘ၀များနဲ့ ၁၊ ၂၊ ၃

 

စာမရေးဖြစ်တာ ကြာသွားလို့ ဘာရေးလို့ ရေးရမှန်းမသိတဲ့အချိန် အတွေးတစ်စပေါ်လာလို့ ချရေး လိုက်မိတယ်။ ဘာလို့လေများ ၁ လုံး၊ ၂ လုံး၊ ၃ လုံးဆိုပြီး လောင်းကစားတွေ ပေါ်လာသလဲလို့ဗျ။ အဲ… နောက်ပြီး ယောက်ျားတွေက တော်တော် မိန်းမတွေက ကဲကဲဆိုတာတွေ တွေ့လာတော့ ပိုလို့တောင် အံ့သြ မိတယ်။

မြန်မာပြည်မှာ ကြည့်မယ်ဆိုရင် အစိုးရကိုယ်တိုင်က လောင်းကစားခြင်းကို ကန့်ကွက်ထားပေမယ့် ဘာလို့များ ဆိုးသထက် ဆိုးလာသလဲဆိုတာကိုတော့ တော်တော်လေး စိတ်ဝင်စားမိတယ်။ ရှေးမြန်မာဗုဒ္ဓ၀င် ထဲမှာတောင် လောင်းကစားခြင်းက ပါလာတယ်ဆိုတော့ ပိုတောင်စိတ်ဝင်စားမိတယ်။ မြန်မာရာဇ၀င်ကို ကြည့်မယ်ဆိုရင် ဘုရားလောင်း ၀ိဓူရအမတ်ကိုတောင် လောင်းကစားရှုံးလို့ပေးခဲ့ရတဲ့အဖြစ်အပျက်တွေ ရှိခဲ့တာဆိုတော့ မြန်မာတွေက ရှေးယခင်ကတည်းက လောင်းကစားကို မက်မောတတ်ကြပါလားလို့တောင် တွေးမိတယ်။

သေသေချာချာ လိုက်စဉ်းစားလိုက်မိတော့ ဘာကြောင့် လောင်းကစားခြင်းတွေ ပိုလာကြတယ် ဆိုတာ အခုလိုမျိုး အဖြေထွက်လာတယ်။ ဟုတ်မဟုတ်ကတော့ စာဖတ်သူတို့ပဲ စဉ်းစားပေးစေချတယ်။

 

အမျိုးသားများ

အမျိုးသားယောက်ျားတွေလည်း ဒီ ၁ လုံး၊ ၂ လုံး၊ ၃ လုံးကို စိတ်ဝင်စားကြတာတွေ့ရတော့ ဘာလို့ များလဲဆိုပြီး လေ့လာခဲ့မိတယ်။ တချို့ယောက်ျားတွေက အလုပ်မရှိ အကိုင်မရှိမဟုတ်ပေမယ့် သေချာရေရာ တဲ့ အလုပ်အကိုင်မျိုးမရှိတဲ့အခါမှာ ကြားပေါက်ဝင်ငွေအနေနဲ့ ၂ လုံးနဲ့ ၃ လုံးကို ထိုးတတ်ကြတယ်။ တချို့ကျ ပြန်တော့လည်း အလုပ်အကိုင်တော့ ရှိပါရဲ့။ ဒါပေမဲ့ ၀ါသနာပါလို့ လောင်းကစားကြတာကို တွေ့ရတယ်။ ၂ လုံးနဲ့ ၃ လုံးလို့ခေါ်တဲ့ လောင်းကစားခြင်းဟာ သက်ကြီးပိုင်းအမျိုးသားတွေ ပိုလုပ်တတ်ကြပြီး အချိန်အားများ တဲ့သူတွေ၊ ကြားပေါက်ဝင်ငွေရရင် ကောင်းမယ်ဆိုပြီး ဖြတ်လမ်းလိုက်တဲ့ လူကြီးပိုင်းတွေမှာ ပိုများပါတယ်။ နောက်ပြီး အချိန်အားများတဲ့အတွက် ဘုန်းကြီးကျောင်းသွား၊ ဟိုချဲစာရွက်ဖတ် ဒီချဲစာရွက်ဖတ်နဲ့ တွက်နည်း ပေါင်းစုံ၊ ချက်နည်းပေါင်းစုံနဲ့ ဟိုဟာ ဟုတ်နိုးနိုး၊ ဒီဟာ ဟုတ်နိုးနိုးနဲ့ လျှောက်ထိုးရင်းက လူကြီးတွေက အဖွဲ့ ကျပြီး ဟိုဟာကောင်းတယ်၊ ဒီဟာကောင်းတယ်နဲ့ လက်ဖက်ရည်ဖိုးတောင် နပ်မမှန်တဲ့ လူကြီးပိုင်းတွေ ပိုများ ပါတယ်။

လက်ဘက်ရည်ဆိုင်ကို တစ်ပတ်မှာ ငါးရက်၊ တစ်ရက်မှာ နှစ်ကြိမ်၊ သုံးလုံးထွက်တဲ့ရက်ဆိုရင်တော့ တစ်ရက် သုံးကြိမ် ပုံမှန်လာရောက်ရပြီး လက်ဘက်ရည် မသောက်နိုင်တဲ့အချိန်များကျရင် မိတ်ဆွေတွေ ၀ိုင်း မှာ ဟိုလိုလို ဒီလိုလိုနဲ့ ၀င်ရောက်ထိုင်ပြီး လေကန်၊ ဖန်သားပြင်ပေါ်က ပြောင်းလဲနေတဲ့ ဂဏန်းလုံးတွေအပေါ် မှာ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေကြရပါတယ်။

၁ လုံးလို့ခေါ်တဲ့ ဘောလုံးနဲ့ပတ်သက်ပြီး လောင်းကစားတာကျတော့ လူငယ်တော်တော်များများနဲ့ သက်လက်ပိုင်းတွေမှာ ပိုတွေ့ရတတ်တယ်။ လူငယ်တွေကတော့ ဘောလုံးဝါသနာပါတာ မဆန်းပေမယ့် ဘောလုံးပွဲကြည့်တဲ့အခါ ရိုးရိုးထိုင်ကြည့်တာထက် ရင်ခုန်မှုအပြည့်နဲ့ ထိုင်ကြည့်ရတာကို ပိုသဘောကျလို့ လောင်းကစားလေးဖက်ပြီးမှ ကြည့်ကြတာကနေ စွဲမှန်းမသိ စွဲနေကြတာ။ နောက်ပြီး သဘောထားချင်း မတိုက်ဆိုင်တတ်တဲ့ လူငယ်တွေကြားမှာတောင် ဘောလုံးနဲ့ပတ်သက်လာရင် ရင်ခုန်သံချင်းတူတဲ့အတွက် တွဲလို့ရတယ်၊ အပေါင်းအသင်းလုပ်လို့ရတာကနေ မိတ်ဆွေတွေဖြစ်ပြီး တွဲဖြစ်သွားတတ်တယ်။ ဒါကြောင့် ဘောလုံးလောင်းကစားချင်းဟာ အမျိုးသားလူငယ်တွေနဲ့ သက်လက်ပိုင်း လူကြီးတွေမှာ ပိုပြီးတော့ ဖြစ်ထွန်း တာတွေ့ရတယ်။

 

အမျိုးသမီးများ

၁ လုံး၊ ၂ လုံး၊ ၃ လုံးဆိုသည့် လောင်းကစားသုံးမျိုးတွင် အမျိုးသမီးအများစုကတော့ ၂ လုံးနဲ့ ၃ လုံး လောင်းကစားခြင်ကို ပိုပြီး သဘောကျလေ့ရှိပါတယ်။ အချိန်တိုင်းလိုလို မိသားစုအလုပ်များနှင့် အလုပ်ရှုပ်နေ လေ့ရှိသည့် အိမ်ထောင်ရှင်အမျိုးသမီးများနှင့် အသက်အရွယ်ခပ်ကြီးကြီး အမျိုးသမီးများတွင် ဒီလောင်းက စားခြင်းမျိုးကို ပိုတွေ့ရလေ့ရှိတယ်။ တစ်နေကုန် မိသားစုပြဿနာတွေနဲ့ စိတ်ထွက်ပေါက်မရှိတဲ့ အိမ်ထောင် ရှင်အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးပြီး သားသမီးများက ထောက်ပံ့ထားတဲ့ အမယ်အိုကြီးတွေမှာ ပြင်ပနဲ့ ဆက်ဆံစရာဆိုလို့ ဒီလောင်းကစားခြင်းမျိုးက များစွာအထောက်အကူပြုတဲ့အတွက် လောင်းကစားခြင်းကို ပို တွေ့ရတယ်။ နောက်ပြီး မြန်မာလူမျိုးတွေဟာ ဟိုယခင် ဘုရင်မင်းများလက်ထက်ကတည်းက လောင်းကစား ခြင်းကို သဘောတွေ့တတ်ကြတဲ့ဓလေ့ကလည်း အထောက်အပံ့ဖြစ်လို့နေပါတယ်။

မနက်ခင်း သူများတွေ ထမင်းစားချိန်ဆိုရင် လမ်းထိပ်လက်ဘက်ရည်ဆိုင်မှာ ဘာဂဏန်းထွက်  တယ်ဆိုတာကို သွားရောက်နားထောင်သူများရှိသလို၊ မသွားရောက်နိုင်သူများကလည်း ပြန်လာသူများကို မေးရန်အတွက် အိမ်ပေါက်ဝတွင် ထိုင်စောင့်နေလေ့ရှိပါတယ်။

တစ်နေကုန် စိတ်ပင်ပန်းမှုများကို ခေတ္တမျှ ပြေပျောက်စေရန်သော်လည်းကောင်း၊ နဂိုရှိရင်းစွဲ ၀ါသ နာကြောင့်သော်လည်းကောင်း ဒီ ၂ လုံး၊ ၃ လုံး လောင်းကစားခြင်းဟာ အသက်အရွယ်ခပ်ကြီးကြီးအမျိုးသမီး များတွင် ပိုမိုပျော်ဝင်လွယ်တာကို တွေ့ရတယ်။ နောက်ပြီး မိသားစုတွင်း လိုအပ်ချက်ကို တစ်ဖက်တစ်လမ်း က ၀င်ငွေရှာလိုတဲ့သဘောနဲ့လည်း ဒီလောင်းကစားခြင်းကို လိုက်စားသူအချို့ကိုလည်း တွေ့ရတတ်ပါတယ်။ တစ်နေကုန် ပျော်ရွှင်စရာဆိုလို့ ဒီလောင်းကစားခြင်းနဲ့ ကိုရီးယားထိုင်ကြည့်ခြင်းလောက်သာ ရှိသည့် အမျိုး သမီးများအတွက် စိမ့်ဝင်မှန်းမသိ စိမ့်ဝင်လာသော မကောင်းသည့် အမူအကျင့်တစ်ခုဖြစ်သည်။

 

ကြုံခဲ့ဖူးသော ဆိုးဆိုးဝါးဝါးများ

ပထမအကြောင်းအရာ

ကျွန်တော်ကြုံခဲ့ဖူးသော လောင်းကစားမှုကြောင့် ဘ၀ပျက်မှုများကို အခု ဒီနေရာကနေ ပညာပေးအ နေနဲ့ ပြောကြည့်ချင်းပါတယ်။

ပထမအနေနဲ့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်အ ကြောင်းပါ။ သူ့မှာ ၄ နှစ်အရွယ် သမီးလေးတစ်ဦးရှိပြီး အမျိုးသားကတော့ သင်္ဘောသားအရာရှိတစ်ဦးပါ။ သူ တို့မိသားစုဟာ စည်းစည်းလုံးလုံးနဲ့ရှိပြီး ယောက်ျားဖြစ်သူမှာလည်း အပျော်အပါးနည်းကာ မိသားစုအတွက် သာ ၀င်ငွေရှာလေ့ရှိပါတယ်။ သူ့ယောက်ျား နောက်ဆုံးတစ်ခေါက် သင်္ဘောလိုက်ရာ သုံးနှစ်ခန့် ကြာသွားပါ တယ်။ အဲဒီအချိန်မှာ အမျိုးသားထားခဲ့သည့် ကား၊ နှစ်ခန်းတွဲ တိုက်ခန်းအပြင် အိမ်တွင်းရှိသမျှ ပစ္စည်းများ အားလုံးသည် ပြောင်သလင်းခါသွားသည့်အပြင် ထို အမျိုးသမီးသည် ချဲဂဏန်းပေးသည့် ဘိုးတော်ဆိုသူနှင့် ပင် လိုက်ပါသွားလေသည်။ အမျိုးသားမှာ ထိုသတင်းကြားကြားချင်း ရန်ကုန်ပြန်ရောက်လာချိန်တွင်မူ သမီး ငယ်မှာ မိဘများနေအိမ်တွင် ရောက်ရှိနေပြီး ဇနီးဖြစ်သူမှာမူ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဖြစ်ခဲ့ပါ သည်။

ထိုအချင်းအရာကို ကြည့်မယ်ဆိုရင် အမျိုးသမီးမှာ မိမိအမျိုးသားရှာပေးသမျှဖြင့် တင့်ကောင်းတင့် တယ်နေထိုင်နိုင်သည့် အနေအထားမျိုးတွင် ရှိနေသော်လည်း အားလပ်ချင်းနှင့်အတူ ထိုလောင်းကစားမှုများ တွင် ပျော်ဝင်မိသည့်အတွက် မိမိရှိ ပစ္စည်းဥစ္စာအပြင် မိမိခန္ဓာကိုယ်ပါ ပါသွားသည့်အဖြစ်အပျက်တစ်ခုပါ။ ဘာကြောင့်ဆိုသည်ကိုမူ စာဖတ်သူများကသာ ဝေဖန်ပေးစေလိုပါတယ်။

 

ဒုတိယအကြောင်းအရာ

            ကျွန်တော် ညီငယ်တစ်ယောက်လို ခင်မင်ရင်းနှီးခဲ့ရသော ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ သူ့မှာ ညီငယ်တစ်ယောက်ရှိပြီး သူ့ဖခင်ကတော့ စင်ကာပူနိုင်ငံမှာ နေထိုင်ပါတယ်။ သူ့အမေနဲ့ အဖေဟာ သဘောထားမတူညီတဲ့အတွက် လမ်းခွဲသွားကြတာ ကြာပါပြီ။ မြန်မာပြည်မှာ ခေတ်ကောင်းတုန်း အချိန် သူ့ဖခင် ထွက်သွားစဉ်က ကားတစ်စီး၊ အိမ်သုံးလုံး ထားခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ဟာ သူများအိမ်မှာ နေထိုင်ရင်း ကိုယ့်ဘ၀ကိုယ်ကြောင်းနေရပြီး ညီအငယ်မှာတော့ အဖိုးအဖွားများက စောင့် ရှောက်မှုနဲ့ နေထိုင်နေရပါတယ်။ သူ့မိခင်ကတော့ အဆင်ပြေရာနေရာတွင် စီးပွားရေးလုပ်ကိုင်နေရပေမယ့် သူတို့မှာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကားဆိုလို့ ဘာဆိုဘာမှ မရှိတော့ပါ။ အရင်းစစ်ကြည့်သော် သူ့မိခင်သည် ၂ လုံး၊ ၃ လုံး လောင်းကစားခြင်းသာမက ၁ လုံးဟုခေါ်သည့် ဘောလုံးလောင်းကစားခြင်းကိုပါ ယောက်ျားသား များထက်သာလွန်အောင် လောင်းကစားတတ်ခြင်းကြောင့်ပါ။ သူ့မိခင်သည် လွန်စွာဖော်ရွှေပြီး သူ့သားနှင့် ပတ်သက်သော အပေါင်းအသင်းများကိုလည်း ခင်မင်တတ်သူတစ်ယောက်ပါ။ သို့သော် ပျင်းရိဖွယ်လောက ကြီးတွင် ယောက်ျားသားမရှိဘဲ ရပ်တည်နေရင်းက ပိုလွန်သောအချိန်များကို လောင်းကစားခြင်းတွင် မြုပ်နှံ ရင်းက ထိုကဲ့သို့သောဘ၀မျိုး ရောက်သွားရခြင်းဖြစ်သည်။

 

ဆုံးဖြတ်ရတော့မည်များ…

            အထက်မှာဖော်ပြခဲ့တဲ့ ဆိုးဆိုးဝါးဝါးအချက်များဆိုသည်မှာ ကျွန်တော်သိသလောက်အချက်များသာ ဖြစ်ပြီး ထိုထက်ဆိုးသောအကြောင်းအရာမျိုးမှာ မြန်မာပြည်တွင် မြောက်မြားစွာရှိဦးမည်ဆိုသည်မှာ သေချာ ဧကံဖြစ်ပါသည်။

            မည်သို့သော မှားယွင်းမှုများကြောင့် ထိုကဲ့သို့လောင်းကစားခြင်းများဖြစ်ပေါ်သည်ကို သေချာမတ္တ မပြောနိုင်သော်လည်း လောင်းကစားခြင်းကြောင့် ဘ၀ပျက်သူများစွာရှိသည်ကိုမူ ကြားသိနေရပါသည်။

            စင်ကာပူနိုင်ငံရှိ အစိုးရမှ တရားဝင်ဖွင့်လှစ်ပေးထားသော ကာဆီနိုလောင်းကစားဝိုင်းများရှိပြီး အခွန် ကောက်ခံခြင်းအားဖြင့် တိုင်းပြည်ဝင်ငွေတိုးတက်အောင် လုပ်ဆောင်ပေးနိုင်သလို လာရောက်ကစားသူများ ကိုလည်း လာရောက်ကစားလိုခြင်းမရှိအောင် အခွန်အခကို များစွာတိုးမြှင့်ထားသည်။ မြန်မာနိုင်ငံတွင်လည်း လောင်းကစားမှုများကို ဖမ်းဆီးခြင်းများရှိသော်လည်း ထိရောက်သောဖမ်းဆီးမှုများမရှိသကဲ့သို့ လောင်းက စားခြင်းများမှာ မိုးရာသီတွင်ပေါက်သော မှိုများကို အပြိုင်းပြိုင်းဖြစ်ပေါ်လျက်ရှိပါတယ်။

            မိသားစုပြဿနာများဖြင့် ပိတ်လှောင်နေသည့်ဘ၀များအတွက် ထွက်ပေါက်မရှိမည်ဆိုပါက ထို လောင်းကစားခြင်းမျိုးသည် သက်ဆိုးရှည်နေပေဦးမည် ဖြစ်သည်။ စားဝတ်နေရေးအတွက် တစ်ဖက်တစ် လမ်းမှ ရှာဖွေလိုသည့် စိတ်ဆန္ဒ၊ အပေါင်းအဖော်မဲ့သည့် အထီးကျန်သက်ကြီးများဘ၀၊ ဖိနှိပ်မှုများကြောင့် စိတ်ထွက်ပေါက်ပေးသည့်အနေဖြင့် မကောင်းရာတွင် ပျော်မွေ့နေရသည့်ဘ၀များအတွက် ပြည့်စုံသော လူမှု ဖူလုံမှုမရှိသရွေ့ ထိုလောင်းကစားခြင်းသည် ယခုထက်ပင် တိုးတက်လာဦးမည် ဖြစ်သည်။

            မျှော်လင့်ချက်မဲ့နေသည့်ဘ၀များအတွက် ၀ါးတမျှင်သဖွယ် သဘောထားစေနိုင်သည့် လောင်းက စားမျိုးတည်ရှိခြင်းသည် မည်သူ့အပေါ်တွင် တာဝန်ရှိသည်ကိုမူ အတိအကျမပြောလိုသည်ကတော့ အမှန် တရားပင်။ တည်ငြိမ်သောဘ၀များတွင်မူ လောင်းကစားခြင်းသည် အပြင်းပြေသဖွယ် သဘောထားလေ့ရှိကြ ပေမယ့် ယိုယွင်းနေသောဘ၀များအတွက် လောင်းကစားမှရရှိသည့်ဝင်ငွေ တစ်ပဲခြောက်ပြားကပင်လျှင် တန် ဖိုးတစ်ခုဖြစ်လာနိုင်သည်ကို ဆင်းရဲသားပြည်သူများသာမက ငွေအလုံးအရင်းနှင့် လောင်းကစားသည့်သူများ အထိကပင် သဘောမှတ်ယူလေ့ရှိသည်။ ထိုကဲ့သို့ မှတ်ယူလာစေရန်အတွက်လည်း အခြားသော အကြောင်း အရာ၊ အချက်အလက်များက တွန်းပို့လျက်ရှိသည်။

            ချမ်းသာ၍ ငွေပေါသောသူများ လောင်းကစားခြင်းကို မပြောလိုသော်လည်း တစ်နေ့ရွှေ၊ တစ်နေ့ ငွေ ဖြစ်နေသည့် အောက်ခြေလူတန်းစားများအတွက် လောင်းကစားခြင်းသည် အပျော်အပျက်မှသည် ၀င်ငွေတစ် ခုရှာဖွေရာ နေရာတစ်ခုအဖြစ် သတ်မှတ်လာကြသည်ကို မသိကျိုးကျွံပြုထားမည်ဆိုပါက…။

 

ထွန်းတောက်နေ

 

193
Posted on 19, Oct, 2008 by posted_by mmthinker | CommentsPost a Comment ( 0 )
Rating Print(0.3) by 1 users | PrintPrint this story.
post your joke
Home :: Advertise :: Book :: Business :: Entertainment :: Fashion :: Forum :: Horoscope :: News :: Sports :: Travels